တရုတ်သို့ ထောပတ်သီးတင်ပို့ရန် စာချုပ်မူကြမ်းဒုတိယပိုင်း လက်မှတ်ရေးထိုး
One News
Nov 23, 2026
တရုတ်နိုင်ငံကို မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေရာ လက်ရှိမှာ ဒုတိယပိုင်းစာချုပ်မူကြမ်း လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။
မြန်မာ့ထောပတ်သီးတွေကို တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ် ချက်တွေနဲ့အညီ တရားဝင်စတင်တင်ပို့နိုင်ဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံက ရှမ်းပြည်မှာရှိတဲ့ ထောပတ်ခြံနဲ့စက်ရုံတွေကို လာရောက်ကြည့်ရှုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာ့ထောပတ်သီးကို ထိုင်းနိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့ ကြိုးစားနေသလို အိန္ဒိယနိုင်ငံကိုလည်း တင်ပို့ရောင်းချနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်။ဒါကြောင့် မြန်မာ့ထောပတ်သီးတွေ ပြည်ပဈေးကွက်ပွင့်လာရင် တင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက် ရရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။
မြန်မာ့ထောပတ်သီးက ပြည်ပမျိုးနဲ့ ပြည်တွင်းမျိုးဆိုပြီး နှစ်မျိုးရှိကာ ဒေသမျိုးဆိုရင် အမရာအသီးကို ကြိုက်နှစ် သက်ကြပြီး ပြည်ပမျိုးဆိုရင်တော့ Hass အသီးကို ကြိုက်နှစ်သက်မှုများတယ်လို့ သိရပါတယ်။ပြည်တွင်းမှာ ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အအေးခန်းစက်ရုံတွေ ၊ ထုပ်ပိုးစက်ရုံ တွေနဲ့ စက်ရုံပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီကဏ္ဍတွေမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြဖို့ တောင်သူတွေကလည်း အကြံပြုထားကြပါတယ်။
၂၀၂၆ ထောပတ်သီးပွဲတော်ကို တောင်ကြီးမြို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှာ နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပြီး ပွဲတော်မှာ ထောပတ်သီး ဖျော်ရည်အဖြစ်သောက်သုံးတာအပြင် ထောပတ်သီးသုပ် ၊ ငါးပိ ရည်အတို့၊ ထောပတ်သီးပလာတာ ၊ ထောပတ်သီးအစပ်သုပ် / အဆိမ့်သုပ် အပါအဝင် ထောပတ်သီးကို စားသုံးနိုင် တဲ့ တခြားနည်းလမ်းတွေနဲ့ အရောင်းမြှင့်တင်ပြသနေတယ်လို့ သိရပါတယ်။
Tags are not assign yet!
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ကြက်သွန်နီလက်ကားဈေး အနည်းငယ် ပြန်ကျ
One News
Nov 20, 2026 27ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နိုဝင်ဘာလ ၂၀ ရက်မှာ ဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေအရ ကြက်သွန်နီ ဈေးနှုန်းတွေဟာ အမျိုးအစားအလိုက် အနည်းငယ်စီ ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာကို အနည်းဆုံးကျပ် ၁၂၀၀၀ ကနေ အများဆုံး ကျပ် ၁၆၀၀၀ အထိရှိခဲ့ရာကနေ နိုဝင်ဘာလ ၂၀ ရက်မှာတော့ တစ်ပိဿာကို အနည်းဆုံး ကျပ် ၁၀၀၀၀ ကနေ အများဆုံး ကျပ် ၁၄၀၀၀ အထိ ရှိနေပြီး တစ်ပိဿာအပေါ် ၂၀၀၀ ကျပ်ဝန်းကျင် ပြန်လည်ကျ ဆင်းလာပါ တယ်။
-
DAP ဓာတ်မြေသြဇာအား ဖြန့်ဖြူးဈေးယှဉ်ပြိုင်စနစ်ဖြင့် တင်သွင်းမည်
-
ကချင်ပြည်နယ်တွင် ပဲပုပ်ဆီစက်ရုံများ တည်ဆောက်မည်
-
ဥရောပအာရှသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်ရန် ဆွေးနွေး
-
ထိုင်းနိုင်ငံ Ladprao ဆေးရုံ၌ အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေ
-
ထိုင်းနိုင်ငံ Ladprao ဆေးရုံ၌ အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေ
-
အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးဆောင်ရွက်ရန်ဒုသမ္မတတိုက်တွန်း