ပြည်တွင်း ဓာတ်ဆီနှင့်ဒီဇယ်ဈေးများ ဆက်လက်ကျဆင်း
One News
Nov 27, 2026
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ နိုဝင်ဘာလ ၂၇ ရက်အတွက် ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးတွေ ထုတ်ပြန်ချက်အရ ဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေ ဆက်လက် ကျဆင်းလာ တာကို တွေ့ရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်အတွက် ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးတွေက အောက်တိန်း 92 တစ်လီတာကို ၃၅၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၃၉၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၄၇၅၀ ကျပ် သတ်မှတ်ထားတာပါ။ ဒီဈေးနှုန်းတွေဟာ နိုဝင်ဘာလ ၂၆ ရက်က ဈေးတွေနဲ့ နှိုင်းယှဉ် ရင် အောက်တိန်း 92 တစ်လီတာကို ၂၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ၂၉၀ ကျပ်လောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။
အလားတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ မြစ်ကြီးနား၊ တောင်ကြီး စတဲ့ မြို့ကြီး တွေမှာလည်း စက်သုံးဆီ ရည်ညွှန်ဈေးတွေ ဆက်လက် ကျဆင်းသွားတယ်လို့ သိရပါတယ်။ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးတွေကို စင်ကာပူနိုင်ငံရဲ့ ရေနံနဲ့စက်သုံးဆီဈေးကွက်(MOPS) ဈေးနှုန်း အပေါ်မှာ အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အရေးကြီးကုန်စည်များအတွက် ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထား
One News
Nov 26, 2026 22အရေးကြီးကုန်စည်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က နိုဝင်ဘာလ ၂၅ ရက်မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။