နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးခဲ့ တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Trading Platform ကနေ ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က FX Trading Platform ကနေ ထိုင်းဘတ် ၄ သန်းခွဲကျော်နဲ့ တရုတ်ယွမ် ၃ သိန်းနီးပါးကို ရောင်းချပေးခဲ့ပြီး CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန် ဒေါ်လာ ၁ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေနဲ့ အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ ကျော်ကို စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပါသေးတယ်။FX Market Online Trading Platform မှာ ဇန်နဝါရီလ ၂၂ ရက်က နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာကို ၃၆၅၂ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၂၄ ဒသမ ၉၀ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၇ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။




