ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက် ၆ မှာ ဇွန်လ ၈ ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။အဲဒီမြေပြိုမှုဖြစ်ပွားတဲ့ နေရာကို တန့်ယန်းမြို့နယ် မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ်အနီးမှာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ်ရဲ့ ဝဲဘက်အခန်းပေါ်မှာ သေဆုံးသူအမျိုးသမီးက ပိမိနေတာလို့ ဆိုပါတယ်။ဖြစ်စဉ်ကြောင့် သေဆုံးသွားတဲ့အမျိုးသမီးကို တန့်ယန်းအရန်မီးသတ်စခန်းက သူနာတင်ယာဉ်နဲ့ တန့်ယန်း မြို့နယ်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။




