တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ၂ ရက်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၈ ရက် မနက် ၇ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နောက် ၂ ရက်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင် တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင် တွေ ရွေ့လျားရာနေရာ တစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ် ချုန်းတာ၊ မိုးကြိုး ပစ်တာတွေနဲ့ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုနိုင်ဖို့ကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။

ဇွန်လ ၈ ရက် ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာ နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပါတယ်။ ဒါ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တော့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်ထားပါတယ်။




