အမေရိကန်ဘက်က တိုက်ပွဲတွေ တစ်ဖန်ပြန်လည်စတင်ပါက မှောင်မိုက်တဲ့ စင်္ကြံထဲရောက်သွားမှာဖြစ်တယ်လို့ အီရန်သတိပေးပြောကြားလာတာကို ဇွန်လ ၆ ရက်နေ့က Reuters သတင်းမှာ ဖော်ပြပါတယ်။
ဆွေးနွေးပွဲတွေက အကျပ်အတည်းမှာရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အဲဒီ အကျပ်အတည်းကို ကျော်လွှားရမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီရဲ့ စစ်ရေးအကြံပေး မိုဆန် ရီဇာအီက CNN သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် အီရန်နဲ့ အမေရိကန်တို့ ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးတာနဲ့တစ်ပြိုင်နက် ပိတ်ဆို့ထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၁၂ ဘီလီယံကို ပြန်ပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အီရန်ဘက်က အခုလို ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်လာတာဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။အီရန်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အမေရိကန်အနေနဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်ဆိုရင် အဆုံးမရှိတဲ့ ပဋိပက္ခတွေ၊ ဒါမှမဟုတ် သူတို့တင်စားသလို” မှောင်မိုက်တဲ့ စင်္ကြံ” (Dark Corridor) ထဲကို ရောက်ရှိသွားမှာ ဖြစ်ကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။
နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန်ဖိတ်ခေါ်
နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး လျှပ်စစ် ဓာတ်အားထုတ်ယူအသုံးပြုတာနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးဖို့ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်...
ပိုမိုဖတ်ရှုရန်Details



