ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့က မီးဘေးသင့်ခဲ့ရတဲ့ မြို့မဈေးကြီးက ဈေးဆိုင်ခန်းတွေအတွက် လတ်တလောယာယီဈေးတစ်ခုဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း ကပြောပါတယ်။မြိုတော်ခန်းမဆောက်ဖို့အတွက် စီစဉ်ထားတဲ့ မြေကွက်နေရာမှာ ယာယီဈေးတည်ဆောက်ပေးဖို့နဲ့ ဈေးဆိုင်ခန်း တွေဖွင့်နိုင်ဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီစဉ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဓနုဖြူမြို့ရှိ မြိုမဈေးဟာ ဧပြီလ(၂၆)ရက် မနက်(၆)နာရီ(၂၅)မိနစ်အချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက်(၇)နာရီ၊ မိနစ်(၅၀)အချိန်လောက်မှာ မီးငြှိမ်းခဲ့တာပါ။ အဲဒီမြို့မဈေးကြီးဟာ ဈေးရုံ(၂၀)ရုံရှိပြီး ဆိုင်ခန်းပေါင်း(၄၁၀)ရှိရာ မီးလောင်မှုကြောင့် ဈေးရုံ(၁၃)ရုံနဲ့ ဆိုင်ခန်း ပေါင်း(၂၇၁)ခန်း မီးလောင်ဆုံးရှုူံးခဲ့ရတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ မီးလောင်ခဲ့တဲ့မြို့မဈေးကြီးကိုလည်း အသစ်ပြန်လည်တည်ဆောက်သွားမှာဖြစ်တယ်လို့ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းကပြောပါတယ်။ ဧပြီလ(၂၆)ရက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မြို့မဈေးကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနဲ့ တာဝန်ရှိသူတွေလာရောက်ခဲ့ကြပြီး လိုအပ်တာ တွေစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။




