မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်က ကျင်းပမဲ့ တီထွင်ဆန်းသစ်မှုနဲ့ အကြီးမားဆုံး မြန်မာ့ ထုတ်လုပ်မှုဆိုင်ရာ ကုန်စည်ပြပွဲကို (၃)ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ကုန်စည်ပြပွဲကို မေလ(၁၅)ရက်ကနေ (၁၇)ရက်နေ့အထိ ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ(YCC)မှာ ကျင်းပ သွားမှာဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ် အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

ပြပွဲမှာ အသင်းရဲ့ကုမ္ပဏီကြီးတွေသာမက မြန်မာနိုင်ငံရဲ့အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကြီးတွေလည်း ပါဝင် ပြသသွားမှာဖြစ်ပြီး အသင်းချုပ်ပညာရှင်တွေရဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွေ၊ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ဟောပြောပွဲတွေ၊ အနုပညာရှင်တွေရဲ့အကနဲ့ဖျော်ဖြေမှုတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီပြပွဲမှာ ပါဝင်လိုတဲ့ စိတ်ပါဝင်စားသူ ဘယ်သူမဆို လာရောက်ပြသနိုင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်က ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။




