တတိယအကြိမ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီ တင်မြှောက်ခံရတယ်လို့ ပြည်သူ့လွှတ်တော်သဘာပတိ ဒေါက်တာနန္ဒကျော်စွာက ကြေညာပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်စာရင်းကို တင်သွင်းလွှာပုံစံနဲ့တင်သွင်းခဲ့ရာမှာ ဦးခင်ရီရဲ့အမည်စာရင်း တင်သွင်း လွှာတစ်စောင်သာ တင်သွင်းခဲ့တာကြောင့် ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်တာပါ။

တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်သူတွေက ရွေးကောက်တင် မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၆၃)ယောက်နဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက်(၁၁၀) စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃)ယောက်စလုံး အစည်းအဝေး တက်ရောက် ကြပါတယ်။




