ထိုင်းနိုင်ငံမှာ ငွေစျေး ကုန်သွယ်မှုကို အချိန်အနည်းငယ် ရပ်ဆိုင်းထားပြီး ဒါဟာ စျေးကွက် မတည်ငြိမ်မှုတွေနဲ့ ဈေးနှုန်း အလွန်ကြီးထွားနေမှုကြောင့် ဖြစ်တယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။

လတ်တလောကာလ နိုင်ငံတကာစျေးကွက်မှာလည်း ငွေ(Silver)ဈေး အလွန်မြင့်တက်နေပါတယ်။

ဒါ့ကြောင့် စီးပွားရေးအလားအလာတွေ မရှင်းလင်းသေးတဲ့အချိန်မှာ စျေးကွက်စောင့်ကြည့်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထိတွေ့သက်ရောက်မှုရှိနိုင်တဲ့ အခြေအနေကြောင့် TFEX (Thailand Futures Exchange)က ငွေကုန်သွယ်မှုကို ခေတ္တပိတ်ထားတာ ဖြစ်ပါတယ်။

ငွေဈေးက မြန်မြန်ဆန်ဆန် ပြောင်းလဲတတ်တဲ့ ကုန်ကြမ်းဖြစ်လို့ စျေးကွက်ရဲ့ တုံ့ပြန်မှုက အလွန်တိတိကျကျ ဖြစ်ပေါ်တတ်ပါတယ်။
ထိုင်းအခြေစိုက် ကုန်သွယ်မှုအားလုံးအတွက် စောင့်ကြည့်ဖို့ လိုအပ်နေပြီး သတင်းတွေအရ လောလောဆယ် ရပ်ဆိုင်းထားတဲ့ကာလဟာ သက်တမ်းတို အချိန်သာ ဖြစ်နိုင် တယ်လို့ သိရပါတယ်။




