အခုဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် ၉ လတာကာလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၂ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၈၉၇ သန်းရှိခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ကာလတူက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တာအပါအ ဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၉ သန်းကျော် ရှိခဲ့ပါတယ်။

ဒါ့ကြောင့် ကာလတူ ချင်းနှိုင်းယှဉ်ရင် အခုဘဏ္ဍာနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု တိုးလာပေမဲ့ ရင်းနှီးမြှုပ်နှံတန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၀ ကျော်လောက် ကျဆင်းတာကို တွေ့ရပါတယ်။အခုဘဏ္ဍာနှစ် ၉ လအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၅၉ ခုအထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများဆုံးဝင်ရောက် ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယအများဆုံး ဝင်ရောက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




