ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲကို ကျင်းပနေပြီးလာရောက်ကြတဲ့သူတွေအတွက်ဇန်နဝါရီလ(၂)ရက်နေ့မှာစတုဒီသာအဖြစ်ထမင်းဘူး(၁၀၀၀၀)ကျွေးမွေးခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကသိရပါတယ်။

ပွဲတော်ကိုဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပနေတာဖြစ်ပြီး(၄)ရက်စလုံးစတုဒီသာကျွေးမွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုစတုဒိသာကျွေးမွေးလှူဒါန်းတာကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ စီမံခန့်ခွဲမှုနဲ့ ကျွေးမွေးတာဖြစ်ပြီးဇန်နဝါရီလ ၂ ရက်မှာဆိုရင် စတုဒိသာအဖြစ် ထမင်း ဖြူ ၊ ကြက်ဥကြော်နဲ့ ငရုပ်သီးကြော်တို့ကို မနက်ပိုင်းမှာ ဘူး ၅၀၀၀၊ ညနေပိုင်းမှာ ဘူး ၅၀၀၀ ကျွေးမွေးလှူဒါန်းတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ခုနှစ် ဒီဇင်ဘာ၃၁ရက် ညပိုင်းကကျင်းပတဲ့ ၂၀၂၆ခုနှစ် နှစ်သစ်ကူးပွဲတော်ကို လာရောက်တဲ့ ပြည်သူတွေကိုလည်း ကြက်ဥကြာဆံကြော် ဘူးရေ ၇၀၀၀ နဲ့၂၀၂၆ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့မှာထမင်းဖြူ၊ငါးခြောက်ကြော်နဲ့ငရုတ်သီးကြော်ဘူး(၁၀၀၀၀) ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။




