Apple ကနေ အသစ်ထုတ်ပေးလိုက်တဲ့ iOS 26.2 မှာတော့ Feature အသစ်တွေအများကြီးပါဝင်လာတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

Reminder App မှာ သတ်မှတ်ချိန်ရောက်တဲ့အခါ အချက်ပေးသံ ထွက်ပေါ်စေတဲ့ Feature အသစ်နဲ့ Lock Screen ပေါ်မှာ Remind လုပ်ဖို့ ထပ်သတိပေးမယ့် Feature အသစ်ပါဝင်လာပါတယ်။ ဒါ့အပြင် Lock Screen ရဲ့ အချိန်ပြပုံစံကို စိတ်ကြိုက်ပြင်ဆင်လို့ရနိုင်တဲ့ Liquid Glass Slider အသစ်ကိုလည်း ထည့်သွင်းထားပါတယ်။နောက်ပြီး iOS 26.2 မှာ AirDrop ရဲ့ လုံခြုံရေးကိုလည်း ပိုပြီးမြှင့်လိုက်တဲ့အပြင် AirDrop Code တစ်ခု ထုတ်ပေးနိုင်အောင်လည်းလုပ်ပေးထားမှာဖြစ်ပါတယ်။ နောက်တစ်ခုက Apple Music မှာ Offline ဖြစ်နေလည်း Lyrics တွေကို ကြည့်နိုင်တဲ့ စနစ်တစ်ခုပါပါဝင်လာပါတယ်။

Enhanced Safety Alerts ဆိုတဲ့ Feature လည်းပါဝင်လာပြီး ငလျင်နဲ့ ပတ်သက်တာတွေ၊ အန္တရာယ် ခြိမ်းခြောက်မှု သတိပေးချက်တွေအတွက် တည်နေရာနဲ့လိုက်ပြီး Alerts လုပ်ပေးမယ့် Feature လည်းပါဝင်လာပါတယ်။ ဒါပေမဲ့ ဒီ Feature က US မှာပဲ သီး သန့်ရဦးမယ်လို့သိရပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်ကနေတစ်ဆင့် သတိပေးမယ့် Flash Alert Feature လည်းပါဝင်လာပြီဖြစ်တယ်လို့သိရပါတယ်။




