Disney နဲ့ OpenAI တို့ပူးပေါင်းပြီး Google ကို တရားစွဲ တော့မှာဖြစ်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

Disney က Open AI မှာ ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး Google ကို တရားစွဲမှာဖြစ်ပါတယ်။Disney ကုမ္ပဏီကြီးကတော့ AI နည်းပညာလောကထဲကိုအကြီးအကျယ် ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ တဖက်မှာ OpenAI နဲ့ လက်တွဲလိုက်ပေမယ့် တဖက်မှာတော့ Google ကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်တဲ့ Disney ရဲ့ ထူးခြားတဲ့ ခြေလှမ်းသစ်ကို အခုလိုဖော်ပြပေးလိုက်တာလည်းဖြစ်ပါတယ်။

Disney ဟာ ChatGPT ဖန်တီးသူ OpenAI ကုမ္ပဏီမှာ ဒေါ်လာ ၁ ဘီလီယံ (၁၀၀၀ မီလီယံ) ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နာမည်ကြီး ဇာတ်ကောင် ၂၀၀ ကျော်ကို OpenAI ရဲ့ ဗီဒီယိုဖန်တီးပေးတဲ့ ‘Sora’ နည်းပညာမှာ သုံးခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။OpenAI နဲ့ လက်တွဲကြောင်း မကြေညာခင် နာရီပိုင်းအလိုမှာပဲ Disney က Google ကို “ Cease-and-desist” လို့ခေါ်တဲ့ သတိပေးစာ ပေးပို့ခဲ့တယ်လို့သိရပါတယ်။




