Apple ရဲ့ Website မှာ မကြာသေးမီက စတင်ခဲ့တဲ့ Apple Intelligence Feedback Form တစ်ခုကြောင့် ဒီနည်းပညာကို တရုတ်နိုင်ငံ ကို ယူဆောင်လာဖို့ ပိုမို နီးစပ်လာပြီလို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ Form မှာ Feedback ပေးပို့ဖို့ +86 တယ်လီဖုန်းနံပါတ်ကို ထည့်သွင်းရတာကြောင့် တရုတ် စကား ပြော သူတွေအတွက် သာမကဘဲ တရုတ်နိုင်ငံအတွင်းရှိ Apple သုံးစွဲသူတွေ အတွက် ရည်ရွယ် ဒီဇိုင်း ထုတ်ထားကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။ဒီ Site က သုံးစွဲသူတွေအနေနဲ့ Apple Intelligence ရဲ့ Content (အကြောင်းအရာ)၊ Privacy (ကိုယ်ရေးကိုယ်တာ) နဲ့ General Functionality (ယေဘုယျလုပ်ဆောင်ချက်) တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ မျှဝေနိုင်ဖို့ ရည် ရွယ်ထားပါတယ်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံ မှာ Apple Intelligence Feature တွေ မရရှိသေးပါဘူး။ iOS 18 စတင် မိတ်ဆက်ချိန်ကတည်းက Apple ဟာ AI လုပ်ဆောင်ချက် တွေကို ပေးပို့နိုင်ဖို့အတွက် တရုတ် AI ကုမ္ပဏီ တစ်ခုနဲ့ မိတ်ဖက်ပြုဖို့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။Apple ဟာ Apple Intelligence အတွက် Alibaba နဲ့ ပူးပေါင်းထားပေမဲ့ အမေရိကန် နဲ့ တရုတ်ကြား ကုန်သွယ် ရေး ပြဿနာတွေ ကြောင့် ပြီးခဲ့တဲ့ ဇွန်လက Feature တွေ ထွက်ရှိလာခြင်းကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။




