ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာ၇ရက်ကနေ ၈ရက်အထိ မြန်မာ့ပင်လယ်ပြင်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။လေ့ကျင့်ခန်းဧရိယာဟာ ကိုကိုကျွန်းမြို့နဲ့ ရေမိုင်၃၄မိုင်အကွာ မြန်မာ့ပင်လယ်ပြင်မှာဖြစ်ပြီး ကိုဩဒိနိတ်အမှတ်တွေ ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သလို ရေကြောင်းနဲ့ လေကြောင်းသတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဲဒီဧရိယာကနေ ၅မိုင်ပတ်လည်ကို သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာ၊ ငါးဖမ်းကိရိယာတွေချထားတာ မပြုလုပ်ကြဖို့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅၀၀၀အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုဖို့ အသိပေးကြေညာထားပါတယ်။




