တရုတ်နိုင်ငံမှာ အိမ်သစ်စျေးနှုန်းတွေဟာ ၁၁ လတာအတွင်း အလျင်မြန်ဆုံးနှုန်းနဲ့ကျဆင်းခဲ့တဲ့အတွက် ပြိုလဲ နေတဲ့စျေးကွက်ကို ပြန်လည်အသက်သွင်းဖို့ မူဝါဒချမှတ်သူတွေက ကြိုးပမ်းနေရတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေစျေးကွက် အားနည်းချက်က စားသုံးသူယုံကြည်မှုနဲ့ အိမ်ထောင်စုတွေရဲ့ အ သုံးစရိတ်ကို လျော့ကျသွားအောင် ဖိအားပေးနေပြီး ကမ္ဘာ့ကုန်သွယ်ရေး ခြိမ်းခြောက်မှုတွေဖြစ်နေချိန်မှာ ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် မူဝါဒချမှတ်သူတွေက ထောက်ပံ့မှုတွေ မြှင့်တင်ပေးရမဲ့ အခြေအနေကို ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ အိမ်သစ်ဈေးတွေက သြဂုတ်လထဲမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အမျိုးသား စာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေအပေါ် အခြေခံကာ Reuters ရဲ့ တွက်ချက်မှုတွေအရ အိမ်အသစ်စျေးနှုန်း တွေဟာ ကလအလိုက်နှိုင်းယှဉ်ရင် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပထမ အဆင့်မြို့ကြီးတွေမှာ အိမ်ခြံမြေတန်ဖိုးက ဆက်လက်ကျသွားမယ်ဆိုရင် လူတွေရဲ့ သုံးနိုင်တဲ့ ငွေ နည်းလာပြီလို ခံစားရပြီး အနာဂတ်မှာ ပိုနည်းလာမယ်လို့ ခံစားရဖွယ်ရှိတယ်လို့ Nomura မှ တရုတ်စီးပွားရေး ပညာရှင် Hannah Liu က ပြောပါတယ်။




