ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာလ ၁၇ ရက် ကျင်းပမဲ့ One Friday Fights 129 ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ ထွန်းမင်းအောင်နဲ့ ဟာလိန်းအွမ်(ခ)အောက်ချင်းလေးတို့ရဲ့ပွဲစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ One Championship ကနေ သိရပါတယ်။ထွန်းမင်းအောင်က ထိုင်းဖိုက်တာ တန်နွန်၊ ဟာလိန်းအွမ်(ခ)အောက်ချင်းလေးက ဂျပန်ဖိုက်တာ တာနစ်ဆုတို့နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

ထွန်းမင်းအောင်ဟာ One Championship မှာ ၄ ပွဲထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားကာ ပြိုင်ဘက် ဖြစ်သူ တန်နွန်ကတော့ One Championship နဲ့ ၃ ပွဲထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားကာ တစ်ပွဲကိုမူ အရှုံးအနိုင်သတ်မှတ်ထားတာ မရှိဘူးလို့ သိရပါတယ်၊၊ဟာလိန်းအွမ်(ခ)အောက်ချင်းလေးကတော့ One Championship မှာ ဒုတိယမြောက် ထိုးသတ်ရတာဖြစ်ပြီး အောက်ချင်းလေးနဲ့ထိုးသတ်မဲ့ တာနစ်ဆုက One Championship နဲ့ ၅ ပွဲထိုးသတ်ထားပြီး လေးပွဲအနိုင် ရရှိထားတယ်လို့ သိရပါတယ်၊၊ One Friday Fights 129 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်းတွေ အပါအဝင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊




