တရုတ်နိုင်ငံ၊ နန်နင်းမြိုကိုရာက်ရှိနေတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဟာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ CPCပါတီအတွင်းရေးမှူး မစ္စတာချန်ကန်းကို နန်နင်းမြိုရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာမှာ စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန်ညနေပိုင်းက လက်ခံတွေ့ဆုံပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသတိုအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုမြှင့်တင်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဆင့်မြင့်နည်းပညာတွေ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးညီအစ်မမြိုတွေတည်ထောင်ပြီး မြိုနှစ်မြိုသာမက နှစ်နိုင်ငံ ကဏ္ဍစုံ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို မြန်မာကောင်စစ်ဝန်ချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPCပါတီအတွင်းရေးမှူးနဲ့အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ညပိုင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အဖွဲဝင်တွေကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPCပါတီ အတွင်းရေးမှူးက လိယွမ်နိုင်ငံတော်ဧည့်ဂေဟာမှာ ဂုဏ်ပြုညစာနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို သိရပါတယ်။




