ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ နှစ်ဦး ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ နှစ်ဖက် အခြေအတင်စကားများမှုနဲ့ အဆုံးသတ်သွားခဲ့တယ်လို့ CNN သတင်းမှာရေးသားထားပါတယ်။ဆွေးနွေးပွဲအပြီးပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲ ဆက်မလုပ်ဖြစ်တော့ပဲ မအောင်မမြင်နဲ့ အဆုံးသတ်သွားပြီးမြေရှားသတ္တုစာချုပ်ချုပ်ဆိုမှုလည်း မအောင်မြင်ခဲ့ဖူးလို့ သိရပါတယ်။နှစ်ဘက်အစိုးရတာဝန်ရှိသူတွေနဲ့ ဖိတ်ခေါ်ထားတဲ့မီဒီယာတွေရှေ့ အိမ်ဖြူတော် ဘဲဥပုံခန်းမထဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဇယ် လန်စကီးနဲ့ အမေရိကန်ဒုသမ္မတ ဂျေဒီပန့်စ် တို့ သုံးဦးကြား အခြေအတင် ငြင်းခုန်စကားများခဲ့ကြပါတယ်။

ယူကရိန်း မြေရှားသတ္တုတွေကို အမေရိကန်က တူးဖေါ်နိုင်ခွင့်ရရေး သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူတော်တွင်း ဆွေးနွေးမှုဟာ ဒေါသနဲ့ အပြန်အလှန်အော်ဟစ် အဆုံးသတ် သွားခဲ့ပါတယ်။ဆွေးနွေးပွဲမှာ ဒေါ် နယ်ထရမ့်က ဇယ်လန်းစကီးကို အမေရိကန်ရဲ့ထောက်ခံအားပေးမှုကို အပြည့်အဝကျေး ဇူးမတင်တဲ့သူ “တတိယကမ္မာစစ်နဲ့ လောင်း စကား လုပ်နေတဲ့သူ”လို့ စွပ်စွဲခဲ့ပါတယ်။ဒါ့အပြင် “သဘောတူညီမှုလုပ်မလား ငါတို့ မပါပဲနေရမလား” လို့ ယူကရိန်းသမ္မတကို ဖိအားပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်ဒုသမ္မတဂျေဒီဗန့်စ်ကလည်း ဇယ်လန်းစကီးဟာ ကျေးဇူးမသိတတ်တဲ့သူလို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်က ပြောတဲ့စကားကို ယူကရိန်းသမ္မတဇာလန်စကီးက မေးခွန်းထုတ်ခဲ့ရာကနေ နှစ်ဖက်အခြေအတင်စကားစများခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇယ်လန်စကီးဟာ ငြိမ်းချမ်းရေးလုပ်ဖို့အဆင်သင့်မဖြစ်သေးဘူး၊ အဆင်သင့်ဖြစ်ရင် အိမ်ဖြူတော်ကိုနောက်တစ်ခေါက်ပြန်လာဖို့ဖိတ်ခေါ်ပါတယ်လို့ ပြောခဲ့ပါတယ်။ဒီနေ့ဆွေးနွေးပွဲမအောင်မြင်တဲ့အတွက် အမေရိကန်အစိုးရနဲ့ယူကရိန်းအစိုးရတို့ကြား စာချုပ်ချုပ်ဆိုဖို့ စီစဥ်ထားတဲ့ ယူကရိန်းက မြေရှားသတ္တုတူးဖော်ထုတ်ရေးအတွက်အမေရိကန်ဒေါ်ဘာဘီလျံရာနဲ့ချီတန်တဲ့ စာချုပ်ချုပ်ဆိုဖို့ကိစ္စကလည်း မရေမရာဖြစ်သွားပါတယ်။