အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ကုန်ကျမယ့် ခန်းမသစ်တစ်ခုကို ဆောက်လုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။သမ္မတကတော် မယ်လာနီယာ ထရမ့်နဲ့ အိမ်ဖြူတော်ထိပ်တန်းအရာရှိတွေ သုံးတဲ့ အရှေ့ဘက်အဆောင်ကိုပါ ခေတ်မီအောင်ပြုပြင်မှာဖြစ်ပါတယ်။

လိုအပ်တဲ့ငွေကြေးကို ထရမ့်နဲ့ အခုအချိန်အထိ အမည်မဖော်သေးတဲ့ အလှူရှင်တွေက ထောက်ပံ့မှာဖြစ်ပြီး စက်တင်ဘာမှာ ဆောက်လုပ်မှုတွေစတင်မယ်လို့ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရိုလင်း လဗစ်ကပြောပါတယ်။ထရမ့်ဟာ အိမ်ဖြူတော်မှာ လှပတဲ့ ခန်းမတစ်ခုတည်ဆောက်ပေးမယ်လို့ အကြိမ်ကြိမ်ကတိပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဘားရက်အိုဘားမားအစိုးရလက်ထက်မှာလည်း ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် အဲ့ဒီအချိန်က သမ္မတက ပယ်ချခဲ့ပါတယ်။ဒီခန်းမဟာ စတုရန်းပေ ၉၀၀၀၀( ၈၃၆၀ စတုရန်းမီတာ) ရှိမှာဖြစ်ပြီး လူ ၆၅၀ ခန့် ဝင်ဆံ့မှာဖြစ်ပါတယ်။ဆောက်လုပ်မှုဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းကုန်မယ့် ၂၀၂၉ ခုနှစ် ဇန်နဝါရီ မတိုင်မီမှာ ပြီးစီးမယ်လို့ မျှော်လင့်ရတယ်လို့ လဗစ်ကပြောပါတယ်။” အိမ်ဖြူတော်ဟာ နိုင်ငံအကြီးအကဲရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ချဲ့ထွင်ခဲ့ရတဲ့ သမိုင်းကြောင်းရှိခဲ့ပြီးသားပါ၊ အဆိုပြုထားတဲ့ ပြောင်းလဲမှုတွေဟာ သမိုင်းကို အများကြီးကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့ လက်ရှိနံရံတွေကို ဂုဏ်ပြုထိန်းသိမ်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိတဲ့လက်ရာတွေဖြစ်ပါတယ်” လို့ သမ္မတလေးဦးလက်ထက်မှာ အိမ်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်စ်လေ ဂရင်း ဘိုးမန်းကပြောပါတယ်။

အိမ်ဖြူတော်မှာ သမ္မတထရမ့်လက်ထက် အလံတိုင်ကြီးနှစ်ခု စိုက်ထူတာ၊ သမ္မတရုံးစိုက်ရာ ဘဲဥပုံရုံးခန်းအတွင်း ရွှေတန်ဆာဆင်မှုတွေထားရှိတာ၊ နာမည်ကျော်နှင်းဆီဥယျာဉ်ကို မြေတူးစက်နဲ့ကော်ပြီး ခင်းတာ အစရှိတာတွေ လုပ်ခဲ့ပြီးဖြစ်ပါတယ်။” က ခန်းမဆောင် ဒါမှမဟုတ် ballroom တွေနဲ့ပတ်သက်လို့ ထူးချွန်တဲ့ သမ္မတမရှိခဲ့ဖူးဘူး” လို့ ထရမ့်ကပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပြောပါတယ်။အိမ်ဖြူတော်မှာ အခမ်းအနားကြီးတွေအတွက် ယာယီတဲတွေထိုးတာပဲရှိခဲ့ပြီး ဒါဟာ တကယ့်အဖြစ်ဆိုးပါ၊ မြင်ရတွေ့ရတာမကောင်းဘူး လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။




