အင်းအားပြင်း ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတွေက ငလျင်ဘေးသင့်ပြည်သူအတွက် အစားအသောက်နဲ့ ဆေးဝါးတွေကို ဟိန္ဒူ မိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့က ဧပြီလ ၁ရက်နေ့ကစတင်ပြီး လှူဒါန်းမှုတွေပြုလုပ်နေပါတယ်၊၊

အဲ့ဒီလိုလှူဒါန်းရာမှာ စစ်ကိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတွေက ငလျင်ဘေးသင့်ပြည်သူတွေအတွက် သားသတ်လွှတ်ထမင်းဘူးပေါင်း ၅ထောင်ဝန်းကျင်ကိုနေ့စဉ်လှူဒါန်းနေပြီး ဆေးဝါးတွေကိုလည်း လှူဒါန်းနေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ထမင်းဘူးလှူဒါန်းရာမှာလည်း ထမင်းကျွေးမွေးလှူဒါန်းနိုင်ဖို့ စစ်ကိုင်းနဲ့မန္တလေးမှာ စင်တာနှစ်ခုဖွင့်ထားပြီး စားဝတ်နေရေးကအဓိကဖြစ်တဲ့အတွက် အခုလိုထမင်းဘူးတွေကိုလှူဒါန်းရတာဖြစ်တယ်လို့ ဟိန္ဒူ မိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့က ကျွေးမွေးတာဝန်ခံ ဦးမောင်သိမ်းကပြောပါတယ်၊၊

အဲ့ဒီအပြင် ဟိန္ဒူ မိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ အခုငလျင်ဘေးကစပြီးလှူဒါန်းတာမျိုးမဟုတ်ဘဲ နာဂစ်မုန်တိုင်း၊ ကိုဗစ်ရောဂါ၊ ရာဂီမုန်တိုင်း၊ ရေကြီးမှုတွေစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတဲ့အချိန်မှာလည်း ပြည်သူတွေအတွက် ထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ ဟိန္ဒူ မိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာတေဇဟိန်းကပြောပါတယ်၊၊

ဒါ့အပြင် ဟိန္ဒူ မိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ လှူဒါန်းမှုတွေပြုလုပ်တဲ့အခုမှာလည်း လူမျိုးမရွေး ဘာသာမရွေး ထောက်ပံ့လှူဒါန်းနေတာဖြစ်ပြီး အခုလှူဒါန်းနေတဲ့ ငလျင်ဘေးသင့်ပြည်သူအတွက် လှူဒါန်းမှုတွေကို လိုအပ်တဲ့အချိန်ထိ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊