ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် (၂၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို နိုဝင်ဘာ(၂၁)ရက်မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
အဲဒီစာပို့တံဆိပ်ခေါင်းသစ်ကို နိုဝင်ဘာလ(၂၁) ရက်၊ မနက်(၉)နာရီခွဲ အချိန်ကစတင်ပြီး နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်ကြီး တွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဝယ်ယူလိုတဲ့ပြည်သူတွေအနေနဲ့ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တွေကို ဝယ်ယူရာမှာ ကန့်သတ်ထားတာ မျိုးမရှိဘဲ စိတ်ကြိုက်ဝယ်ယူလို့ရအောင် လုပ်ဆောင်ပေးထားတယ်လို့ ရန်ကုန်စာတိုက်ကြီးမှ တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်၊၊
ဒါ့အပြင် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက် ကြီးတွေမှာ နိုဝင်ဘာလ(၂၁)ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲအမှတ် အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်မှာ “ White Dragon ” လိပ်ပြာပုံ(၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းကို ရောင်းချပေး ခဲ့ပြီး အခုအထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကိုတော့ နိုဝင်ဘာလအတွင်းမှာ ဒုတိယအကြိမ်အနေနဲ့ ရောင်းချ တာဖြစ်ပါတယ်၊၊ လက်ရှိမှာတော့ တံဆိပ်ခေါင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်တွေမှာ ဝယ်ယူနိုင်ဖို့ ဖြန့်ဝေထားရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။