ဂါဇာမှာ ဖမ်းဆီးခံထားရသူတွေထဲက နောက်ဆုံးကျန်ရှိနေတဲ့ ဓားစာခံရုပ်ကြွင်းကို အစ္စရေးဘက်က ပြန်လည် ရရှိခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းနယ်မြေမှာ စစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ် ကနဦး အဆင့်အတွက် အဓိက အခြေအနေတစ်ခုကို ဖြည့်ဆည်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဂါဇာမှာ ရက်ပေါင်း ၈၄၀ ကျော် ဖမ်းဆီးခံထားရတဲ့ အစ္စရေး စစ်ဘက်ဆိုင်ရာအရာရှိ ရန် ဂဗီလီရဲ့ ရုပ်ကြွင်းကို ပြန်လည်ရရှိခဲ့ပြီး မြှုပ်နှံဖို့ အတွက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရုပ်ကြွင်း ပြန်လည်ရရှိတာကြောင့် အစ္စရေးဘက်ကလည်း ကတိကဝတ်တွေနဲ့အညီ ပျက်စီးနေတဲ့ ဂါဇာနဲ့ အီဂျစ် ကြားရှိ ရာဖာဖြတ်ကျော်ဂိတ်ကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့်လှစ်ပေးဖို့ လမ်းခင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။




