နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့အတွက် ရန်ကုန်-နေပြည်တော်DEMUအထူးရထားနဲ့၊ ရန်ကုန်-မော်လမြိုင် လေအိတ်အထူးရထားတွေကို ဇန်နဝါရီ၁ရက်နဲ့ ၄ရက်နေ့တွေမှာ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ဇန်နဝါရီ၁ရက်မှာ ရန်ကုန်-နေပြည်တော် DEMU အဆန်အထူးရထားကို ရန်ကုန်ဘူတာကြီးကနေမနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMU အစုန်အထူးရထားကို နေပြည်တော်ဘူတာကြီးကနေ နေ့လယ်၁၂နာရီခွဲ၊ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထားကို ရန်ကုန်ဘူတာကြီးကနေ မနက်၉နာရီ၁၅မိနစ်မှာ ပြေးဆွဲပေးတာဖြစ်ပါတယ်။

ဇန်နဝါရီ၄ရက်မှာတော့ ရန်ကုန်-နေပြည်တော် DEMU အဆန်အထူးရထားကို ရန်ကုန်ဘူတာကြီးကနေမနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMU အစုန်အထူးရထားကို နေပြည်တော်ဘူတာကြီးကနေ နေ့လယ်၁၂နာရီခွဲ၊ မော်လမြိုင်-ရန်ကုန် လေအိတ်အစုန်အထူးရထားကို မော်လမြိုင်ဘူတာကနေ မနင်၉နာရီ၁၀မိနစ်တို့မှာ ပြေးဆွဲပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။လက်မှတ်ခနှုန်းထားတွေကတော့ နေ့စဉ်ပြေးဆွဲနေတဲ့ ရထားတွေရဲ့ လက်မှတ်နှုန်းထားအတိုင်းဖြစ်ပြီး ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြို၊ အထက်တန်းလက်မှတ်ကို သုံးရက်ကြိုပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။




