အခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲ ညမီးကြီး(၂၅ပေ)ပြိုင်ပွဲမှာ ပီတိ(ခိုင်)မီးက ပထမဆုရရှိသွားတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။

ဒုတိယဆုကို ဆက်ဝှေ့မီး၊ တတိယဆုကို ရွှေဇုန်မီး၊ စတုတ္ထဆုကို တောင်ပိုင်းမီး၊ ပဉ္စမဆုကို လွိုင်ခမ်းမီး၊ နှစ်သိမ့်ဆုတွေကို လူခဲမီး၊ ရွှေပြည်ဟိန်းမီး၊ နဂါးပျံမီး၊ ဝေဂမီး၊ မွေတော်မီးတွေက ရရှိသွားပါတယ်။ညမီးကြီး(၂၂ပေ)ပြိုင်ပွဲမှာတော့ ပထမဆုကို ရှမ်းယူနိုက်တက်မီး၊ ဒုတိယဆုကို အားသစ်မီး၊ တတိယဆုကို မှိုင်း,တံ;မီး၊ စတုတ္ထဆုကို MAIမီး၊ ပဉ္စမဆုကို စီးတီးစကွဲမီးတို့က ရရှိသွားတယ်လို့လည်း သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲအခမ်းအနားနဲ့ ဆုပေးပွဲကို နိုဝင်ဘာ၈ရက် ညပိုင်းက အဝေရာမီးပုံပျံကွင်းမှာ ကျင်းပခဲ့တာပါ။အခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ရာသီဥတုအခြေအနေကြောင့် သတ်မှတ်ရက်ထက် သုံးရက်ထပ်တိုးကျင်းပခဲ့ရပြီး အောက်တိုဘာ၂၉ရက်ကနေ နိုဝင်ဘာ၈ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။




