စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ထောင့်စေတီတော်ကြီးရဲ့ စိန်ဖူးတော်ကိုအများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ဖို့ အပူဇော်ခံထားရှိထားတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

မြို့ထောင့်စေတီတော်ကြီးရဲ့ထီးတော်ဟာ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့အတွက် ပြန်လည်ပြုပြင်နေတယ်လို့ ဆိုပါတယ်။ထီးတော်ကြီးရဲ့စိန်ဖူးတော်ကို ပြုပြင်မှုတွေဆောင်ရွက်နေချိန်မှာ အများကြည်ညိုနိုင်စေဖို့အတွက် အခုလို အပူဇော်ခံထားရှိတာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် စိန်ဖူးတော်ရဲ့ အောက်ဘက်ရှိ ဓာတ်တော်ကြုတ်အတွင်းက ဓာတ်တော်တွေကိုလည်း ဖူးမြော်ကြည်ညိုနိုင်ဖို့ အပူဇော်ခံထားရှိပြီး အလှူငွေတွေ ပါဝင်လှူဒါန်းနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။



