ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲစျေးကို အခုနှစ်မှာ ပြန်လည် ကျင်းပမှာဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်၊၊ ရေကျော်ပွဲစျေးကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်မှာ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၆ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်သလို ကျင်းပနိုင်ဖို့ အတွက် ဆိုင်ခန်းနေရာတွေ သတ်မှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်၊၊
အခုနှစ် ရေကျော်ပွဲစျေးကိုလည်း အရင်နှစ်တွေကကျင်းပခဲ့တဲ့ ပွဲစျေးအတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွား လိမ့်မယ်လို့ ပုဇွန်တောင်မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်၊၊ ရေကျော်ပွဲစျေးကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ၄ နှစ်ကျော်အကြာ အခု ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတာဖြစ်ပါတယ်၊၊ ရေကျော်ပွဲဈေးကို ရန်ကုန်မြို့ကသာမက တခြားမြို့နယ်တွေက ပြည်သူတွေပါ အများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ ပွဲဈေးတစ်ခု ဖြစ်ပါတယ်။