တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ(၁၇)ရက်နေ့က အဝေရာကုန်းသာယာကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ တေးဂီတဖျော်ဖြေပွဲတွေ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့တွေရဲ့ အကအလှတွေနဲ့ ဖျော်ဖြေ တင်ဆက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားမှာ မီးရှူးမီးပန်းပစ်ဖောက်တာတွေ၊ မီးပုံးပျံ အငယ်တွေလွှတ်တင်တာတွေနဲ့အတူ ကွင်းပိတ်ပွဲအဖြစ် စိန်နားပန်မီးပုံးပျံတစ်လုံးလွှတ်တင်တာတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ အဲဒီနောက်မှာတော့ တန်ဆောင်တိုင်ပိတ်ပွဲသီချင်းနဲ့အတူ တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေ၊ ပညာရေးဒီဂရီကောလိပ်အကအဖွဲ့တွေက တူညီအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
အခုနှစ်ကျင်းပခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲမှာ စိန်နားပန်မီးပုံးပျံ(၂၂)လုံး၊ ညမီးကြီးမီးပုံးပျံ(၂၆) လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံ(၁၀၉)လုံး စုစုပေါင်းမီးပုံးပျံအလုံးရေ (၁၅၇)လုံး လွှတ်တင်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။