လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်
နယ်မြေအခြေအနေတွေကြောင့် ၂ နှစ်နီးပါးလောက် ယာယီပိတ်ထားခဲ့ရတဲ့ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်တဲ့အခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ လားရှိုးတက္ကသိုလ်ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရဲ့ အဓိကကျတဲ့ တက္ကသိုလ်ကြီးတစ်ခုလည်း ...

