နယ်မြေအခြေအနေတွေကြောင့် ၂ နှစ်နီးပါးလောက် ယာယီပိတ်ထားခဲ့ရတဲ့ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်တဲ့အခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

လားရှိုးတက္ကသိုလ်ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရဲ့ အဓိကကျတဲ့ တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ကျောင်းဝင်ခွင့်မှတ်ပုံတင်တာကိုတော့ နိုဝင်ဘာ ၁၇ ရက်က စတင်လက်ခံဆောင်ရွက်ပေးနေပြီး အခု နိုဝင်ဘာ ၂၄ ရက်ကစလို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်တန်းအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ပါ တယ်။ အလားတူ လားရှိုူးပညာရေးဒီဂရီကောလိပ်ကိုလည်း နိုဝင်ဘာ ၂၄ ရက်ကစပြီး ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။




