အောင်လံမြို့ရှိ မြနန္ဒာဈေး အဆင့်မြှင့်ရန် ဘတ်ဂျက်မလျာထား
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ မြနန္ဒာဈေးအဆင့်မြှင့်တင်ဖို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေလျာထားတာမရှိဘူးလို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းက ပြောပါတယ်။ဇွန်လ၅ရက်က ကျင်းပတဲ့ တတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့မှာ အောင်လံမဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်မေးမြန်းတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းက ...

