ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဂျက်ဆန်ကို (၂၀၃၃)ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပြီလို့ စက်တင်ဘာလ(၁)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ဂျက်ဆန်ရဲ့ စာချုပ်သက်တမ်းက (၂၀၃၁)ခုနှစ်ထိ သက်တမ်းရှိသေးပေမယ့်လည်း (၂)နှစ်သက်တမ်းတိုးစာချုပ်ကို ထပ်မံ ချုပ်ဆိုခဲ့ကြတာပါ။
ဂျက်ဆန်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့မှာမှ ချယ်လ်ဆီးအသင်းကို ဗီလာရီးရဲလ် အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်(၃၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂျက်ဆန်က ချယ်လ်ဆီးအသင်းအတွက် (၁၄)ဂိုးထိ သွင်းယူပေးနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်(၃)ပွဲကစားပြီးချိန်မှာ (၂)ဂိုးသွင်းယူကာ (၁)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာကလည်း ဂျက်ဆန်ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပဲလေ့စ်အသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။