ချယ်လ်ဆီးအသင်းရဲ့ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ နာပိုလီအသင်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အတွက် နေပယ်မြို့ကို ဩဂုတ်လ(၂၈)ရက်နေ့က ရောက်ရှိခဲ့ပါတယ်။
လူကာကူဟာ ချယ်လ်ဆီးအသင်းကို (၂၀၂၁)ခုနှစ်မှာ အင်တာမီလန်အသင်းကနေ ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် နောက်ပိုင်းနှစ်တွေမှာ အငှားချ ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ နာပိုလီအသင်းတို့ဟာ လူကာကူရဲ့အပြောင်းအရွှေ့အပေါ် သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ အသင်းနဲ့အတူ ဆေးစစ်ဖို့အတွက် နေပယ်မြို့ကို လူကာကူက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အင်တာမီလန် အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကွန်တီက နာပိုလီအသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတာကြောင့်လည်း လူကာကူက ပြောင်းရွှေ့ဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နာပိုလီအသင်းဟာ လူကာကူကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးယူရိုသန်း(၃၀) ပေးချေသွားရမှာ ဖြစ်ပါတယ်။