တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ပွဲပယ်ခံထားရတဲ့ ဟမ်းဘတ်အသင်းရဲ့ ခရိုအေးရှားနောက်ခံလူ ဗက်စ်ကိုဗစ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ၄ နှစ် အထိတိုးမြှင့်ခဲ့တယ်လို့ အားကစားဆိုင်ရာ ခုံသမာဓိရုံး (CAS) က ဩဂုတ်လ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဗက်စ်ကိုဗစ်ဟာ ၂၀၂၂ နိုဝင်ဘာလမှာ တားမြစ်ဆေးသုံးစွဲထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၂၃ မတ်လမှာ ၂ နှစ်ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရတာဖြစ်ပါတယ်။
ဗက်စ်ကိုဗစ်ရဲ့ ၂ နှစ် ပွဲပယ်ပြစ်ဒဏ်ကို ဂျာမနီတားမြစ်ဆေး တိုက်ဖျက်မှု အေဂျင်စီနဲ့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်မှု အေဂျင်စီတို့ဘက်က ၂၀၂၄ မေလမှာ အတည်ပြုပေးခဲ့ပြီးနောက် ဗက်စ်ကိုဗစ်ဟာ အားကစားဆိုင်ရာ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ (CAS)ဆီကို အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
(CAS)က ဗက်စ်ကိုဗစ်ရဲ့ လျှောက်လဲချက်ကို ဩဂုတ်လ ၂၇ ရက်နေ့မှာ ကြားနာခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကို ၄ နှစ်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဗက်စ်ကိုဗစ်ဟာ ၂၀၂၆ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာ ဖြစ်ပါတယ်။
ခရိုအေးရှားကလပ် ဟက်ဂျက်စပလစ်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ ဗက်စ်ကိုဗစ်ဟာ ၂၀၂၁ ခုနှစ်မှာ ဟမ်းဘတ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။