စပါးအသင်းရဲ့ တောင်ကိုရီးယားတောင်ပံကစားသမား ဆွန်ဟောင်မင်က သူဟာအခုအချိန်ထိ အသင်းရဲ့ဂန္ထဝင် ကစားသမား မဖြစ်သေးဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
စပါးအသင်းပရိသတ်တွေက အသင်းနဲ့(၁၀)နှစ်ကျော် ကြာ ဖြတ်သန်းခဲ့တဲ့ ဆွန်ဟောင်မင်ကို အသင်းရဲ့ဂန္ထဝင်ကစားသမားအဖြစ် ညွှန်းဆိုနေကြတာပါ။
အသင်းနဲ့အတူ (၁၀)နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရပေမယ့် ဖလားမရသေးတဲ့အတွက် ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်လို့ မရ သေးဘူးလို့ ဆွန်ဟောင်မင်က ပြောကြားခဲ့တာပါ။
စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တာက ဆုဖလားတွေရယူဖို့ ဆန္ဒနဲ့ဖြစ်လို့ လာမယ့်ဘောလုံးရာသီတွေမှာ ဆုဖလားရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဆွန်ဟောင်မင်က ဆက်လက်ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ (၂၀၀၈)ခုနှစ်မှာ ပြည်တွင်းဖလား ရယူနိုင်ခဲ့ ပြီးကတည်းက အခုအချိန်ထိ ဖလား တစ်လုံးမှ မရသေးဘဲ ရုန်းကန်ခဲ့ရတာြ ဖစ်ပါတယ်။
စပါးအသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသင်းကို(၂၀၁၅)ခုနှစ်မှာ ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၄၀၉)ပွဲ ကစားခဲ့ရာမှာမှာ (၁၆၂)ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။