ယူရို(၂၀၂၀)ပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ပွဲကစားချိန်အတွင်း ကွင်းထဲလဲကျခဲ့ဖူးတဲ့ အိပ်မက်ဆိုးကနေ နိုးထလာနိုင်ခဲ့ပြီလို့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်က ပြောပါတယ်။
အဲရစ်ဆင်ဟာ ယူရို(၂၀၂၀)ပြိုင်ပွဲရဲ့ အိုက်စလန် အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့ပြီး ဒိန်းမတ်အသင်းရဲ့ လက်ကျန်ပွဲစဉ် အားလုံးကို လွဲချော်ခဲ့တာပါ။
အဲရစ်ဆင်ဟာ နှလုံးရောဂါကြောင့် အနားယူပြီးနောက် ဘောလုံးပြန်ကစားနိုင်ခဲ့သလို ယူရို(၂၀၂၄)ပြိုင်ပွဲကစားမယ့် ဒိန်းမတ်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ စလိုဗေးနီးယားအသင်းနဲ့ တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ပျော်ရွှင်မိသလို ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲရဲ့ အိပ်မက်ဆိုးတွေကနေလည်း နိုးထနိုင်ခဲ့ပြီလို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာ ယုံကြည်မှုပြည့်ဝနေပြီး ဒိန်းမတ်အသင်းကို ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ အဲရစ်ဆင်က ပွဲအပြီးမှာပြောကြားခဲ့ပါသေးတယ်။