အိုလံပစ် သုံးမျိုးစပ် ရွှေတံဆိပ်ဆုကို နှစ်ကြိမ်ရရှိထားတဲ့ ဗြိတိန်နိုင်ငံသား အယ်လီစတယ်ယာ ဘရောင်းလီဟာ အသက် ၃၆ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဘရောင်းလီဟာ ၂၀၁၂ လန်ဒန်အိုလံပစ် သုံးမျိုးစပ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့သလို နောက် ၄ နှစ်အကြာမှာ ကျင်းပခဲ့တဲ့ ရီယိုအိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ထပ်မံရယူနိုင်ခဲ့တာပါ။
ဒါကြောင့်လည်း ဘရောင်းလီဟာ အိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက် သုံးမျိုးစပ် အားကစားမှာ ရွှေတံဆိပ်ဆုရတဲ့ ပထမ ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘရောင်းလီ ဟာ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ သုံးမျိုးစပ်ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ဆုတွေကိုလည်း ရယူနိုင်ခဲ့တာကြောင့် သုံးမျိုးစပ် ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး ကစားသမား အဖြစ် သတ်မှတ်တာ ခံထားရပါတယ်။
သက်တမ်းတစ်ဝက် လောက်ကို သုံးမျိုးစပ်အားကစားသမားအဖြစ် ကုန်ဆုံးခဲ့ရတဲ့အတွက် ဝမ်းသာပျော်ရွှင်ရသလို သုံးမျိုးစပ် အားကစားက သူ့ရဲ့ဘဝကို ပိုမိုလေးနက်စေခဲ့ပါတယ်လို့ ကြေညာချက်မှာ ဘရောင်းလီက ရေးသားထား ပါတယ်။ ဘရောင်းလီဟာ အကိုဖြစ်သူ ဂျွန်နီနဲ့အတူ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ သူပါ။ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့ပြီးနောက် ဘရောင်းလီဟာ အကိုဖြစ်သူ ဂျွန်နီနဲ့အတူ Brownlee ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့ပြီး သုံးမျိုးစပ်အားကစားကို စိတ်ပါဝင်စားတဲ့ ကလေးငယ်တွေကို အကူ အညီ အထောက်အပံ့ပေးတွေ ပေးနိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။