အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူး ရိုဘီနီယိုဗက်ဇ်ကို မာဆေးလ်အသင်းဆီကနေ ယူရို ၂၅ သန်းနဲ့ ရိုးမား အသင်းခေါ်ယူလိုက်ပါတယ်။

မာဆေးလ်အသင်း ကြေညာချက်မှာတော့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး ဗက်ဇ် အတွက် ရိုးမားအသင်းက ပြောင်းရွှေ့ကြေးအပြင် အနာဂတ်ရောင်းချရမှုကနေ ၁၀ ရာခိုင်နှုန်းကိုလည်း ပေးဖို့ သဘောတူညီခဲ့တယ်လို့ ရေးထားပါတယ်။

ရိုးမားအသင်းဟာ ဗက်ဇ်ကို ၂၀၃၀ အထိသက်တမ်းရှိတဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဗက်ဇ်ဟာ အနာဂတ်မှာ တောက်ပလာမယ့် လူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခြင်း ခံထားရတာလည်းဖြစ်ပါတယ်။

ဗက်ဇ်ဟာ နည်းပြဒီဇာဘီလက်ထက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ မာဆေးလ်အသင်း အတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီးနောက် အခုရာသီ ပြင်သစ်လိဂ်မှာ ပွဲထွက်ကစားမှု ၃ ပွဲအပါအဝင် လိဂ်ပွဲ ၁၄ ပွဲ ပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဗက်ဇ်ကို အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုအဖြစ် ရှုမြင်ထားပြီး ဗက်ဇ်အနေနဲ့ အီတလီမှာ သူ့ရဲ့ခြေစွမ်းတိုးတက်လာမှုကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ခေါ်ယူလိုက်တာဖြစ်ပါတယ်။
လူငယ်တိုက်စစ်မှူး ဗက်ဇ်ဟာ ရိုးမားအသင်းမှာ ကျောနံပါတ် ၇၈ အင်္ကျီကို ဝတ်ဆင်ဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။




