ဝက်စ်ဟမ်းအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်း ၂ ဂိုးဖန်တီး ပေးခဲ့တဲ့ ဆာလက်က လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကိစ္စက ဝေးကွာနေတုန်းပဲလို့ ဖွင့်ဟသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်ပြည့်တော့မယ့် ဆာလက်ဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အင်္ဂလန်ပြင်ပ ကလပ်အသင်း တွေနဲ့ ဆွေးနွေးခွင့်ရတော့မှာဖြစ်ပါတယ်။ ဆာလက်ကတော့ လက်ရှိအချိန်မှာ စာချုပ်သစ်ကိစ္စထက် အသင်းနဲ့ ဆုဖလားတွေရယူနိုင်ရေးကိုသာ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။
နည်းပြသစ် စလော့လက်ထက်မှာ ဆာလက်က အကောင်းဆုံးခြေစွမ်းနဲ့အတူ တိုက်စစ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။ ရာသီအကုန်မှာ စာချုပ်ပြည့်မယ့် ဆာလက်၊ အာနိုးနဲ့ ဗန်ဒိုက်ခ်ျတို့ကို လီဗာပူးအသင်း စာချုပ်သစ်ချုပ်ဖို့ကြိုးစားနေပေမယ့် ဆွေးနွေးမှုတွေက နှောင့်နှေးနေပါတယ်။
လီဗာပူးနည်းပြ စလော့ကတော့ အသင်းရဲ့ စီနီယာ ကစားသမား ၃ ယောက် အနာဂတ်မသေမချာဖြစ်နေတဲ့အပေါ် စိတ်ပူခြင်းမရှိပဲ အသင်းအနေနဲ့ ဒီကိစ္စကို အကောင်းဆုံး ကိုင်တွယ်သွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ပြောထားပါတယ်။