ရှမ်းပြည်နယ်(အရှေ့ပိုင််း)၊ တာချီလိတ်မြို့မှာ ဇူလိုင် ၁၇ ရက်၊ မနက်ပိုင်းက အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားသူကို ဖမ်းမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ဇူလိုင် ၁၇ ရက်၊ မနက်အစောပိုင်း ၁ နာရီလောက်က တာချီလိတ်မြို့၊မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၇)လမ်းပေါ် မှာ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုနေ (၃၆)နှစ်အရွယ် စိုင်းရှဲန်ကို Crown မော်တော်ယာဉ်တစ်စီး ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိတဲ့အတွက် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသမှု ခံယူနေစဉ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

ကျူးလွန်သူကို ဖမ်းမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာပတ်ဝန်းကျင်က စီစီတီဗီ မှတ်တမ်းတွေကို စုံစမ်းရှာဖွေခဲ့ရာ ကျူးလွန်သူ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ဟာ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ စိုင်းကျောက်(၄၅)နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။ပြစ်မှုကျူးလွန်သူ စိုင်းကျောက်ကို သူထိုင်နေထိုင်ရာ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့ရာ အခင်းဖြစ်စဉ်မှာ အသုံး ပြုခဲ့တဲ့ အမေရိကန်နိုင်ငံထုတ် ငါးလုံးပြူး သေနတ်၊ ကျည် ၃ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူ့ကို တာချီလိတ် မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကနေ သိရပါ တယ်။




