မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနဲ့ မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ အင်းလေးဒေသက ရေဘေးသင့်ဘုန်ကြီးကျောင်းနဲ့ ရွာသားတွေကို ဒီဇင်ဘာ ၅ ရက်က ဖောင်တော်ဦးဘုရားရင်ပြင်မှာ ထောက်ပံ့လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

လှူဒါန်းမှုအနေနဲ့ ဖောင်တော်ဦးဘုရား ဩဝါဒါစရိယဆရာတော်ကြီးတွေနဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်းက သံဃာတော် ၁၆ ပါးကို ဂေါပကအဖွဲ့နဲ့ ဧည့်သည်တော်တွေက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သင်္ကန်းပရိက္ခရာတွေ၊ ဝတ္ထုငွေတွေနဲ့ ကုန်ခြောက် စတဲ့ လှူဖွယ်ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ရေဘေးသင့်ကျေးရွာ ၅ ရွာက အိမ်ထောင်စု (၆၉၃)စုအတွက်ကိုလည်း အိမ်ထောင်စုတစ်စုကို ဆန် ၅ ပြည်အိတ် တစ်အိတ်၊ ဆီတစ်ပိဿာ၊ ငါးသေတ္တာဘူး ငါးဘူး၊ ခေါက်ဆွဲခြောက်တစ်ဖာ၊ ဆားတစ်ထုပ်စီပါတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ရေဘေးသင့် ဘုန်းကြီး ကျောင်းတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့တဲ့ စုစုပေါင်းပမာဏတန်ဖိုးဟာ ကျပ်သိန်း ၈၀၀ ကျော်ဖိုး ရှိတယ်လို့ သိရပါတယ်။