မန္တလေးငလျင်ကြီးကြောင့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ မကိုဋ်တော် တိမ်းစောင်းခဲ့မှုကို ဧပြီ ၁၂ ရက်က ရှေးမူ မပျက် မူလပုံစံအတိုင်း ပြန်လည်တည့်မတ်ပြီးစီးပြီ ဖြစ်တယ်လို့ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဆီက သိရပါ တယ်။

မကိုဋ်တော် ပြန်လည်တည့်မတ်တဲ့ လုပ်ငန်းအတွက် ပထမအဆင့်အဖြစ် ပလ္လင်တော်ပေါ်မှာ ငြမ်းဆင်ပြီးနောက် ပြန်လည်တည်မတ်ဖို့ ဝါရင့်ပညာရှင်တွေက ပြင်ဆင်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် မဟာမုနိရုပ်ပွားတော်မြတ်ကြီးမှာ ထိခိုက်ပျက်စီးမှု မရှိပေမယ့် ရွှေအတိနဲ့ လုပ်ထားတဲ့ မကိုဋ် တော်သာ တိမ်းစောင်းခဲ့တာပါ။

မဟာမုနိဘုရားကြီးမှာတော့ ငလျင်ဒဏ်ကြောင့် တန်ဆောင်းတွေ၊ စောင်းတန်းတွေ၊ ရင်ပြင်တော်နဲ့ အရံစေတီ တချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး ရာခိုင်နှုန်း ၇၀ လောက် ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့က နေ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးပျက်စီးမှုတွေ ရှိခဲ့တဲ့ မန္တလေးမြိုရဲ့ အထင်ကရ မဟာမုနိဘုရားကြီးကို ရဟန်းရှင်လူ ပြည်သူတွေ ဖူးမြော်နိုင်ရေး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းက One News ကို ပြောထားပါတယ်။