ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေချစ်သူရွှေဆိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ခြိမ်းခြောက်လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေသားသိန်း ၅၀၀ နဲ့အတူ ငွေကျပ်သိန်း ၇၀၀၀ တန်ဖိုးရှိတဲ့ ရွှေထည် ပစ္စည်းတွေ လုယက်ခံခဲ့ရတယ်လို့ ရွှေချစ်သူရွှေဆိုင်တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်၊၊
ဖြစ်စဉ်ကတော့ မနက်ပိုင်း ရွှေဆိုင်ဖွင့်ချိန်မှာ အမျိုးသား ၃ ယောက်က ဆိုင်အတွင်းရောက်လာပြီး ရွှေဝယ်မယ်လို့ ဟန်ဆောင်ပြောဆိုကာ သေနတ်ပြခြိမ်းခြောက် လုယက်သွားတာဖြစ်တယ်လို့ ရွှေဆိုင်တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်၊၊ အဲဒီဖြစ်စဉ်မှာ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဓားပြတိုက်ခံရမှုဖြစ်စဉ်ကို ပန်းဘဲတန်းမြို့နယ် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံတွေ ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊