ကရင်ပြည်နယ်၊ ဘားအံမြို၊ အမှတ်၉ရပ်ကွက်မှာ ဇူလိုင်၁၃ရက် မနက်အစောပိုင်းက မိသားစုလိုက်ဓားခုတ်ခံရပြီး ဖခင်နဲ့သမီးဖြစ်သူတိုသေဆုံးကာ မိခင်ဖြစ်သူက ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ Myanmar Rescue Organization- Hpa Anကနေ သိရပါတယ်။

သက်ဆိုင်ရာက သတင်းပေးလာတဲ့အတွက် အရေးပေါ်သွားရောက်ကူညီရာမှာ ဖခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို သေဆုံးနေပြီး မိခင်ဖြစ်သူက ပြင်းထန်ဒဏ်ရာရနေတာကို တွေ့ရတယ်လို ဆိုပါတယ်။သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ဘားအံပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လိုလည်း သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လိုလည်း သိရပါတယ်။လူမှုကွန်ရက်ပေါ်မှာပျံ့နှံနေတဲ့သတင်းတွေနဲ့ မှတ်ချက်ပြုပြောဆိုမှုတွေအရ ကျူးလွန်သူအိမ်နီးချင်းအမျိုးသားတစ်ဦးကို ဖမ်းမိထားပြီး အကြွေးကိစ္စနဲ့ပတ်သက်လို အခုလို ကျူးလွန်တာဖြစ်တယ်လိုလည်း သိရပါတယ်။
ဓာတ်ပုံ- Myanmar Rescue Organization- Hpa An




