TikTok အက်ပလီကေးရှင်း ဝယ်ယူဖို့နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ဟာ ဆွေးနွေးမှုတွေ ပြုလုပ်နေ ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်ဟာ TikTok ဝယ်ယူရေးအတွက် လူအများအပြားနဲ့ ဆွေးနွေးနေပြီး လာမယ့် ရက်ပေါင်း ၃၀ အတွင်းမှာ လူကြိုက်များတဲ့ အက်ပ် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ အစောပိုင်းကာလ ဆွေးနွေးမှုတွေမှာ TikTok အက်ပလီကေးရှင်းကို ဆော့ဖ် ဝဲလ်ကုမ္ပဏီ Oracle နဲ့ Elon Musk တို့ကို ရောင်းချနိုင်ဖို့အတွက် ထရမ့်က ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ ဒါ့အပြင် အက်ပ်လည်ပတ်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ပြင်ပရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဖိတ်ခေါ်သွားဖို့ရှိတယ်လို့ ထရမ့်က ပြောပါတယ်။

ကနဦး ညှိနှိုင်းထားတဲ့ သဘောတူညီချက်အရ တရုတ် Byte Dance ပိုင် TikTok ဟာ ကုမ္ပဏီမှာ အစုရှယ်ယာတွေကို ဆက်လက်ထားရှိရမှာ ဖြစ်ပေမဲ့ ဒေတာ စုဆောင်းတာနဲ့ ဆော့ဖ်ဝဲလ်အပ်ဒိတ်တွေကိုတော့ Oracle ကုမ္ပဏီက ဦးဆောင်ပြီး ကြီးကြပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။