Samsung Electronics ဟာ အမည်မဖော်လိုတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခုအတွက် ချစ်ပ်တွေ ပံ့ပိုးပေးဖို့ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခွဲရှိတဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးတစ်ခုနဲ့ ချစ်ပ်ထုတ်လုပ်ပေးဖို့ စာချုပ်ကို ဇူလိုင် ၂၆ ရက်က လက်မှတ် ရေးထိုးခဲ့တာလို့ ပြောကြားခဲ့ပြီး တစ်ဖက်ကုမ္ပဏီရဲ့အသေးစိတ်အချက်အလက်တွေကို ၂၀၃၃ ခုနှစ် စာချုပ်ပြည့် တဲ့အထိ ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ Samsung အနေနဲ့ ဉာဏ်ရည်တုချစ်ပ်တွေ ထုတ်လုပ်တဲ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရချိန်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Samsung မှာ သူ့ရဲ့သတ္တုပုံလောင်းစက်ရုံလုပ်ငန်းအတွက် Tesla နဲ့ Qualcomm တို့လို ဖောက်သည်တွေရှိနေပြီး သူ့ရဲ့ပြိုင်ဘက် ဆီမီးကွန်ဒက်တာထုတ်လုပ်ရေးကုမ္ပဏီ(TSMC)မှာတော့ Apple နဲ့ Nvidia တို့လို ဖောက်သည်တွေ ရှိနေတာပါ။

ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးပေါ် 2-nonometer နည်းပညာ ထုတ်လုပ်မှုပမာဏကို မြှင့်တင်ဖို့ ရုန်းကန် နေရပြီး ဒီမှာယူမှုက နောက်ဆုံးပေါ်နည်းပညာနဲ့သက်ဆိုင်နိုင်ခြေ မရှိဘူးလို့ BNK Investment & Securities က လေ့လာသုံးသပ်သူ မစ္စလီမင်ဟီးက ပြောကြားခဲ့ပါတယ်။ Samsung ဟာ စာချုပ်နဲ့ထုတ်လုပ်မှုမှာ ဈေးကွက်ရှယ်ယာကို TSMC ဆီ ဆုံးရှုံးနေရပြီး ဒါဟာ အဆင့်မြင့် ချစ်ပ် ထုတ်လုပ်မှုမှာ Apple နဲ့ Nvidia တို့လို ကုမ္ပဏီတွေကို TSMC ဆီက ဆွဲဆောင်ဖို့ ကုမ္ပဏီရဲ့နည်းပညာစိန်ခေါ်မှု တွေကို ထင်ရှားစေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။