မြန်မာနိုင်ငံမှာ ကာဗွန်ထုတ်လုပ်မှုအနေနဲ့ တစ်နှစ်ကို မက်ထရစ်တန်ချိန် သန်း ၂၀၀ အထက်မှာ ရှိတယ်လို့ ဂေဟဗေဒစနစ်နှင့် အချက်အလက်စိစစ်သုံးသပ်သူ ဦးညွန့်ဝင်းက ပြောပါတယ်၊၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေမှာ ကာဗွန်ထုတ်လွှတ်မှုအနေနဲ့ လေထုညစ်ညမ်းမှုအပိုင်းကို ကြည့်မယ်ဆိုရင် လူနေထူထပ်တဲ့ မြို့ပြတွေမှာ အန္တရာယ်ရှိတဲ့အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်၊၊
မြန်မာနိုင်ငံမှာတော့ ကာဗွန်ထုတ်လွှတ်မှုအနေနဲ့ စိုက်ပျိုးရေးကဏ္ဍက အများဆုံးထုတ်လွှတ်တာဖြစ်တယ်လို့ ဂေဟဗေဒစနစ်နှင့် အချက်အလက်စိစစ်သုံးသပ်သူ ဦးညွန့်ဝင်းက ပြောပါတယ်၊၊ ကာဗွန်မှာ ထုတ်လွှတ်တဲ့အပိုင်းနဲ့ စုပ်ယူတဲ့အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ ကာဗွန်ထုတ်လွှတ်မှု လျော့ကျစေဖို့ဆိုရင် ကာဗွန်ထုတ် လွှတ်မှုအများဆုံးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍမှာ သဘာဝအခြေခံနည်းတွေကို သုံးပြီး ကာဗွန်ထုတ်လွှတ်မှု လျော့ကျ အောင်လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ သိရပါတယ်၊၊