ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ကာစင် ဂျိုမတ် တိုခါယက်ဗ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် အုပ်ချုပ်ရေးမှူး မစ္စ တာ အလက်ဇန်းဒါး ဘယ်ဂ်လော့တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ကာဇက်စတန် သမ္မတရဲ့ သဝဏ်လွှာထဲမှာတော မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ လူမှုစီးပွားရေး သာယာဝပြောရေး နဲ့ နိုင်ငံတကာ ဆက်ဆံမှုမှာ အောင်မြင်ရေးကို ရည်ရွယ်တဲ့ အဆွေတော်ရဲ့ ပြည့်စုံတဲ့ မူဝါဒအပေါ် ပြည်သူတစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ထင်ထင်ရှားရှား သက်သေပြနေတယ်လို့ ရှုမြင်တယ်လို့လည်း ဖော်ပြထားပါတယ်။ဒီအပြင် နိုင်ငံ့အနာဂတ် သာယာလှပစေရေး နဲ့ နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားစေရေး အဆွေတော်ရဲ့ မြင့်မြတ်တဲ့ ကြိုးပမ်း မှုတွေနဲ့ ကြီးမားတဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်တယ် လို့လည်း သဝဏ်လွှာထဲမှာ ဖော်ပြပါရှိပါတယ်။

ချစ်ကြည်ရင်းနှီးမှု နဲ့ အပြန်အလှန် ယုံကြည်မှုကို အခြေခံတဲ့ ကာဇက်စတန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အလား အလာ မြင့်မားမှုကို အရင်းခံပြီး ကုန်သွယ်ရေး နဲ့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိအနေနဲ့ အဆင်သင့် ရှိမှုကို ထပ်လောင်းအတည်ပြုတယ်လို့လည်း သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီက ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ အဆွေတော် နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နဲ့ နိုင်ငံတော်ကို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ကြွယ်ဝချမ်းသာရေးဆီ ဦးဆောင်ဦးရွက်ပြုရာမှာ အောင်မြင်မှု ရရှိစေဖို့ စိတ်ရင်းစေတနာနဲ့ ဆုမွန် ကောင်း တောင်းအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီအပြင် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကမ္ဘောဒီးယားနိုင်ငံ တော်ရဲ့ ပြည်သူတွေကလည်း ကျွန်ုပ်နဲ့အတူ ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါကြောင်း၊ အာဆီယံ အပါအဝင် ဒေသတွင်း မူဘောင်တွေအတွင်း ဆွေးနွေးမှု၊ ငြိမ်းချမ်းမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီဖို့အတွက် နှစ် နိုင်ငံဆက်ဆံရေးဟာ ဆက်လက်ခိုင်မာတိုးမြှင့်သွားမယ်လို့ ယုံကြည်တယ်လို့လည်း သဝဏ်လွှာထဲမှာ ဖော်ပြပါရှိပါ တယ်။ဆက်လက်ပြီး စိန့်ပီတာစဘတ် အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့ က ပေးပို့တဲ့ သဝဏ်လွှာထဲမှာလည်း ပြည်သူတွေရဲ့ ဘဝ သာယာဝပြောရေးကို အလေးထားမှု နဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ အဆွေတော်ရဲ့ ဆန္ဒအ ပေါ် မိမိတို့အနေနဲ့ အလွန်လေးစားမိပြီး အဆွေတော်ရဲ့ ဦးဆောင်မှုအောက်မှာ စိန့်ပီတာ စဘတ်မြို့ နဲ့ မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးတက်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည် ကြောင်း နဲ့ မိမိတို့ အနေနဲ့ လည်း ပူးတွဲစီမံကိန်းသစ်တွေကို အကောင်အထည်ဖော်ဖို့ နဲ့ ဒေသအချင်းချင်း အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ဖို့ ဆန္ဒရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ အောက်လွှတ် တော်အမတ် မစ္စတာ ဟီရိုမိချိ ဝါတာနာဘေး၊ ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူ ဆုအိ နဲ့ ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိခို တာကခု တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့သလို ပြည်တွင်းရှိ အသင်းအဖွဲ့တွေ ဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ် လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်၊ မြန်မာ-ဘယ်လာရုစ် ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းစတဲ့ အဖွဲ့အစည်းအသီးသီးကလည်း အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။




