နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ မကြာမီကာလအတွင်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အခုခရီးစဉ်ဟာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုအတွက် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့လည်း ပြီးခဲ့တဲ့ မတ်လက ဘယ်လာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ် အဖြစ် သွားရောက်ခဲ့သလို ဇွန်လကလည်း ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ ယူရေးရှားစီးပွားရေးဖိုရမ်ကို ပါဝင်တက် ရောက်ခဲ့ပါတယ်။ မတ်လက သွားရောက်ခဲ့တဲ့ ခရီးစဉ်စဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ ကို အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။




